
၁၈၉၆ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ တွင် စပိန် ပြည်တွင်းစစ်တွင် ထင်ရှားခဲ့သော မင်းမဲ့ဝါဒီနှင့် ပြည်သူ့စစ်ခေါင်းဆောင် ဘွဲ့နဗန်တုရ ဒူရုတီ( Buenaventura Durruti) ကို မွေးဖွားခဲ့သည်။ အသက် ၁၄ နှစ်တွင် ကျောင်းမှထွက်ပြီး မီးရထားခေါင်းပြင်ရုံတွင် အလုပ်သင်အဖြစ် ၀င်ေရာက်ခဲ့သည်။ ၁၉၁၇ ခုနှစ်တွင် စစ်တပ်က ဖြိုခွဲခဲ့သောကြောင့် ၇၀ သေဆုံးပြီး ၅၀၀ ကျော် ဒဏ်ရာရကာ ၂၀၀၀ ကျော် ထောင်ချခံခဲ့ရသော မီးရထားလမ်းလုပ်သားများသပိတ်တွင် ပါ၀င်ခဲ့သည်။ နောက်ပိုင်းတွင် သူသည် Confederación Nacional del Trabajo (CNT) ကုန်သွယ်ရေးသမဂ္ဂအဖွဲ့ချုပ်သို့ ဝင်ရောက်ခဲ့ပြီး မီဂွယ် ပရီမို ဒို ရီဘဲရ (Miguel Primo do Rivera) […]