ဘွဲ့နဗန်တုရ ဒူရုတီ

၁၈၉၆ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ တွင် စပိန် ပြည်တွင်းစစ်တွင် ထင်ရှားခဲ့သော မင်းမဲ့ဝါဒီနှင့် ပြည်သူ့စစ်ခေါင်းဆောင်

ဘွဲ့နဗန်တုရ ဒူရုတီ( Buenaventura Durruti) ကို မွေးဖွားခဲ့သည်။ အသက် ၁၄ နှစ်တွင် ကျောင်းမှထွက်ပြီး မီးရထားခေါင်းပြင်ရုံတွင် အလုပ်သင်အဖြစ် ၀င်ေရာက်ခဲ့သည်။

၁၉၁၇ ခုနှစ်တွင် စစ်တပ်က ဖြိုခွဲခဲ့သောကြောင့်

၇၀ သေဆုံးပြီး ၅၀၀ ကျော် ဒဏ်ရာရကာ ၂၀၀၀ ကျော် ထောင်ချခံခဲ့ရသော မီးရထားလမ်းလုပ်သားများသပိတ်တွင် ပါ၀င်ခဲ့သည်။

နောက်ပိုင်းတွင် သူသည် Confederación Nacional del Trabajo (CNT) ကုန်သွယ်​ရေးသမဂ္ဂအဖွဲ့ချုပ်သို့ ဝင်ရောက်ခဲ့ပြီး မီဂွယ် ပရီမို ဒို ရီဘဲရ (Miguel Primo do Rivera) ၏ အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ခိုက်မှုတွင် ပါ၀င်ခဲ့ပြီး ပြည်နှင်ဒဏ် ခံခဲ့ရကာ လက်တင်အမေရိကနိုင်ငံများသို့ သွားရောက်ခဲ့ပြီး၊ ချီလီနှင့် အာဂျင်တီးနား

နိုင်ငံတို့တွင် ဘဏ်ဓားပြတိုက်မှုများ ပြုလုပ်ခဲ့၍ အလုပ်သမားအရေး လှုပ်ရှားမှုများကို ရန်ပုံငွေရှာပေးခဲ့သည်။

ဒူရုတီ သည် နောက်ပိုင်းတွင် စပိန်သို့ ပြန်လာခဲ့ပြီး ဗိုလ်ချုပ်ဖရန်ကို ၏ လက်ယာယိမ်းစစ်တပ် အာဏာသိမ်းရန် ကြိုးပမ်းမှုအား ဖြိုခွင်းခဲ့ပြီး CNT ၏ အလံဖြင့် ဘာစီလိုနာ မြို့သိမ်း တိုက်ပွဲကို ဆင်နွှဲခဲ့သည်။

ထို့နောက် သူသည် တော်လှန်ရေးပြည်သူ့စစ်အဖွဲ့ဝင် ၃၀၀၀ ပါဝင်သော စစ်ကြောင်းတစ်ခုကို ဦးဆောင်ပြီး အမျိုးသားရေးဝါဒီများကို တိုက်ထုတ်ရန်အတွက် ဆာရာဂိုစာ(Saragossa) ရှေ့တန်းသို့ ထွက်ခဲ့သည်။

လစ်သူယေးနီးယား ဂျူးမင်းမဲ့ဝါဒီ အီမာဂိုလ်းမန်း က စစ်ဘက်ဆိုင်ရာပညာရပ်များကိုစနစ်တကျလေ့ကျင့်သင်ကြားမှု မရှိဘဲ ထောင်နှင့်ချီသော တိုက်ခိုက်ရေးသမားများကို မည်သို့ မည်ပုံ ဦးဆောင်နေသနည်းဟု မေးမြန်းခဲ့သည်။

သူကပြန်ပြောသည်မှာ

« ကျွန်တော်က မင်းမဲ့၀ါဒီ အဖြစ်တစ်သက်လုံး ဖြစ်ခဲ့ပြီး တစ်သက်လုံးနေသွားပါမယ် ၊ အဲ့တာကို အခုမှ စစ်ဗိုလ်ပုံဖမ်း ပြီး ကောင်လေးတွေကို စစ်ကြိမ်လုံးနဲ့ အုပ်ချုပ်မယ်ဆိုရင် တစ်ကယ်ကို ၀မ်းနည်းဖို့ကောင်းပါလိမ့်မယ်၊ သူတို့ဟာ သူ့တို့ သဘောသူဆောင်ပြီး စိတ်လိုလက်ရ ငါ့နောက်ကို လိုက်လာခဲ့ကြတဲ့သူတွေပါ၊ဖက်ဆစ်ဆန့်ကျင်ရေးတိုက်ပွဲမှာ သူတို့အသက်ကို စတေးဖို့ အသင့်ဖြစ်နေပြီလို ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော်ဟာ လွတ်လပ်မှု အပေါ်မှာ အမြဲတမ်း အယုံအကြည်ရှိပါတယ်၊ လွှတ်လပ်မှုဆိုတာ ကိုယ်ပိုင် တာ၀န်သိစိတ်ကလာတာပါ၊ စစ်စည်းကမ်းဟာ မရှိမဖြစ်ဆိုတာကို လက်ခံပါတယ် ဒါပေမဲ့ အဲ့ဒီစည်းကမ်းဟာ ကိုယ်တွင်းကလာရမှာဖြစ်တယ်၊ ဘုံရည်ရွယ်ချက်ရှိဖို့ နဲ့ ရဲဘော်ရဲဘက်စိတ်ရှိဖို့က အဓိကပိုကျပါတယ်။ « 

ဒူရုတီ သည် မာ့ဒရစ်မြို့ကိုခုခံကာကွယ်ရင်းကျဆုံးခဲ့သည်။ သူ့၏ အလောင်းကို ဘာစီလိုနာမြို့သို့ ပြန်လည်သယ်ယူခဲ့ပြီး ၎င်း၏ ဈာပနအခမ်းအနားသို့ အလုပ်သမား တစ်သန်းခွဲခန့် တက်ရောက်ခဲ့ကြသည

Laisser un commentaire