« အကြမ်းဖက်သူတို့မှာ နိုင်ငံတော်အစိုးရနှင့် အရင်းရှင်စနစ်သာဖြစ်သည် » (Violence is state and capitalism)

ဆင်ခြေဖုံးရပ်ကွက်များမှ သမားရိုးကျ မြင်တွေ့နေကျ လူမျိုးအခြေပြု ဖိနှိပ်မှု ဖြစ်စဉ်တစ်ခု………

(လက်တစ်လောဖြစ်ပွားေနသော ပြင်သစ်ရှိ ရဲအကြမ်းဖတ်မှုဆန့်ကျင့်ရေး « La Police Tue » နှင့်ပတ်သက်၌ ပြင်သစ်ရဲဘော်များ၏ သဘောထားထုတ်ပြန်ချက်)

ရဲအရာရှိတစ်ဦးက ဆင်ခြေဖုံးရပ်ကွက်အတွင်း ကင်းလှည့်စစ်ဆေးနေစဉ် လူငယ်တစ်ဦးကို ဖမ်းဆီးသတ်ဖြတ် ခဲ့သည့် ကျူးလွန်မှုတစ်ခု ထပ်မံဖြစ်ပွားခဲ့သည်။ ရဲအရာရှိများက အလုပ်သမားလူတန်းစားတို့ နေထိုင်ရာ ရပ်ကွက်ငယ်များအား အကြောင်းပြချက် တစ်စုံတစ်ရာမရှိပါပဲ ရှောင်တစ်ခင် ဝင်ရောက်စစ်ဆေးလေ့ရှိပြီး အမြဲတစေ အကြမ်းဖက်မှုများ၊ စော်ကားဖိနှိပ်မှုများကို နာရီပေါင်းများစွာ ကြာအောင် ပြုလုပ်တတ်သည်။ ၂ဝဝ၅ ခုနှစ်တွင် ၁၇ နှစ်အရွယ် ဇိယက် နှင့် ၁၅ နှစ်အရွယ် ဘနူး လူငယ်လေးတို့မှာ ထိုကဲ့သို့ အကြမ်းဖက်စစ်ဆေးမှုကို မကြုံတွေ့ချင်ခဲ့ကြပေ။ သိုသော် ၎င်းတို့နှစ်ဦးစလုံး ရဲအရာရှိများ၏ ရိုက်နှက်စစ်ဆေးမှုများကြောင့် သေဆုံးနေသည်ကို တွေ့ခဲ့ရသည်။ သို့သော် သေဆုံးမှုနှင့် ပတ်သတ်၍ အရေးယူစုံစမ်းမှု၊ ထူးခြားပြောင်းလဲမှု တစ်စုံတစ်ရာမျှမရှိခဲ့ချေ။ ယခုတစ်ကြိမ်တွင်မူ အကြမ်းဖက်မှုဖြစ်ရပ်ကို တစ်စုံတစ်ယောက်က မှတ်တမ်းတင် တိုက်ရိုက်ထုတ်လွှင့်ခဲ့သဖြင့် အာဏာပိုင်များနှင့် အစိုးရမီဒီယာတို့၏ အမှန်တစ်ရားကို ဖုံးကွယ်လိမ်ညာခြင်းမှ တားဆီးနိုင်ခဲ့သည်။ ထို့ကြောင့် ယခုအခါတွင် ၎င်းတို့က လိမ်လည်စွပ်စွဲဝါဒဖြန့်သည့် နည်းလမ်းကို အသုံးပြုလာကြသည်။

နိုင်ငံရေးသမားများနှင့် မီဒီယာများက အလုပ်သမားများ ဆင်ခြေဖုံးရပ်ကွက်များတွင် အကြမ်းဖက်မှုများ ဖြစ်ပွားနေသည်ဟု ကျွန်ုပ်တို့ကို ပြောကြသည်။ သို့သော် သူတို့ပြောနေသည့် အကြမ်းဖက်မှု ဆိုတာ ဘယ်မှာလဲ၊ ဘာကိုပြောတာလဲ။

တကယ့် အကြမ်းဖက်မှုဆိုတာ အလုပ်သမားများကို အကြောင်းပြချက်မဲ့စွာ အလုပ်မှ ထုတ်ပယ်ပြီး ဆင်းရဲကျပ်တည်းမှုဒဏ်ကို ခံရစေခြင်းဖြစ်သည်။ အကြမ်းဖက်မှုဆိုသည်မှာ အဆုံးမရှိ တိုးမြင့်ကောက်ခံလာသည့် အိမ်ငှားခများ ဖြစ်သည်။ ကျွန်ုပ်တို့၏ စားဝတ်နေရေး လုံလောက်စေဖို့အတွက် အခြေခံလိုအပ်ချက်များဖြစ်သည့် စားသောက်ကုန်များ၊ လျှပ်စစ်နှင့် ဂတ်စ် စသည့် လူမှုနေထိုင်မှု ကုန်ကျစရိတ်များ မြင့်တက်လာခြင်းကြောင့် ကျွန်ုပ်တို့ ပိုမိုကျပ်တည်းလာကြရသည်။ အကြမ်းဖက်ခြင်းသည် အမျိုးသမီးများနှင့် ကလေးသူငယ်များကို ၎င်းတို့၏ နေအိမ်များမှ မောင်းထုတ်ဖယ်ရှားခြင်းဖြစ်သည်။ အကြမ်းဖက်ခြင်းသည် ရဲများက နေထိုင်ခွင့် စာရွက်စာတမ်းမရှိသော ရွှေ့ပြောင်းကလေးငယ်များကို စာသင်ကျောင်းမှ ဆွဲထုတ်ခေါ်ဆောင်သွားခြင်းဖြစ်သည်။ စစ်မှန်သော အကြမ်းဖက်ခြင်းကို ကျူးလွန်သူများမှာ အစိုးရနှင့် စီးပွားရေးဖိနှိပ်မှုများပင်ဖြစ်သည်။

ဤကဲ့သို အစိုးရ၏ ဖိနှိုပ်မှုများဖြစ်သည့် စီးပွားရေးနှင့် လူမှုဘဝကျပ်တည်းလာမှု အခြေအနေများကြောင့် ကျွန်ုပ်တို့အားလုံး ရပ်တည်ရှင်သန်နိုင်ရန် ခက်ခဲလာသည့်အချိန်တွင် အစိုးရကို ပြန်လည်တော်လှန်ကြသည့် လူငယ်များသည် မညီမျှသော လူ့အဖွဲ့အစည်းကြီးကို တစ်ကမ္ဘာလုံးအား မီးမောင်းထိုးပြသနိုင်မည့် မီးပွားလေးများပင်ဖြစ်သည်။ ယခုအချိန်သည် ကျွန်ုပ်တို့အားလုံး ကြုံတွေ့ခံစားနေကြရသည့် အကြမ်းဖက်မှုမှန်သမျှ၏ အဓိက အကြောင်းရင်းများကို အဖြေရှာတော်လှန်ဖို့ လိုအပ်လာသည့် အခြေအနေဖြစ်သည်။ ကျွန်ုပ်တို့အားလုံး သွေးစည်းညီညွတ်စွာနဲ့ တော်လှန်ထကြွမှုတွေကို ကမ္ဘာ့နေရာတစ်ဝှမ်းမှာ ပျံ့နှံ့လုပ်ဆောင်ရမည့် ကာလဖြစ်သည်။ အခွင့်အရေးကြုံရင်ကြုံသလို တွေ့ဆုံဆွေးနွေးမှုများ၊ ထုတ်ဖော်ဆန္ဒပြမှုများ၊ အစိုးရနှင့် အရင်းရှင်တို့၏ အကြမ်းဖက်မှုများကို ဆန့်ကျင်တော်လှန်သည့် လှုပ်ရှားမှုများကို စီစဉ်ဆောင်ရွက်ကြရမည်ဖြစ်သည်။

ကျွန်ုပ်တို့အားလုံး အစိုးရနှင့် အရင်းရှင်တို့ကို မုန်းတီးကြသည်။

အာဏာသည် လူသတ်သမားပင်ဖြစ်သည်။

လွတ်လပ်မျှတပြီး လူသားအားလုံး တန်းတူညီမျှမှုရရှိစေမည့် လူထုတော်လှန်ရေးကြီး အထွန့်ရှည်ပါစေ…အောင်မြင်ပါစေ…..

CNT AIT

LA VIOLENCE C’EST L’ETAT ET LE CAPITALISME !

Scène du racisme ordinaire en banlieue

Encore une fois, un policier a tué un jeune lors d’un contrôle en banlieue. Les contrôles de police dans les cités populaires sont arbitraires, souvent violents, toujours humiliants et peuvent durer des heures, tout cela sans raison aucune. Déjà en 2005, Zyad (17 ans) et Banou (15 ans) n’avaient pas voulu subir cela. Ils en étaient morts. Depuis rien n’a changé, sauf que cette fois la scène de crime a été filmée en directe, empêchant que le pouvoir et les médias aux ordres mentent sur la réalité. Alors ils utilisent la diffamation.

Maintenant, politiciens et médias nous abreuvent sur la violence dans les quartiers populaires. Mais où est la violence ?

La véritable violence, c’est les licenciements massifs qui réduisent les travailleurs à la misère. La violence, c’est la hausse incessante des loyers. C’est le coût de la vie qui nous empêche de satisfaire nos besoins les plus élémentaires (prix de l’alimentation, de l’électricité, du gaz, …). La violence, c’est les expulsions de femmes et d’enfants de leur logement. C’est quand la police vient dans les écoles embarquer des enfants « sans-papiers ». La violence, c’est l’oppression étatique et économique.

Dans la situation de crise, de misère économique et sociale, d’oppression étatique qui nous excède tous, les jeunes qui se sont révoltés peuvent être l’étincelle pour une remise en question plus globale de cette société fondamentalement injuste. Il est grand temps de nous attaquer aux véritables causes de la violence que nous subissons. Partout, il faut élargir solidairement la lutte. Organisons, là où c’est possible, des rencontres, des manifestations, des grèves contre la violence de l’Etat et du Capital.

Tout le monde déteste l’Etat et le Capital ! Pouvoir Assassin ! Pour une Révolution sociale libertaire et égalitaire !

Laisser un commentaire