IWA(International Worker Association) အပြည်ပြည်ဆိုင်ရာ အလုပ်သမားအစည်းအရုံး IWA(International Worker Association) အပြည်ပြည်ဆိုင်ရာ အလုပ်သမားအစည်းအရုံး

IWA(International Worker Association) အပြည်ပြည်ဆိုင်ရာ အလုပ်သမားအစည်းအရုံး

ကို ၁၉၂၂ ခုနှစ် ဒီဇင်ဘာလတွင် ဘာလင်မြိုတွင်တွင် စတင် တည်ထောင်ခဲ့သည်။ ၎င်းသည် ‌အလုပ်သမားအရေးလူပ်ရှားမူ သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်ခဲ့ ပြီး၊ ဘော်ရှီဗစ်များ၊ဆိုရှယ်ဒီမိုကရက်များနှင့် အခြားသော ပါတီ ဗဟိုပြုစနစ်သမဂ္ဂ ဗဟို

ပြုစနစ်များ မှခွဲထွက်ကာ လွှတ်တော်နိုင်ရေး၊စစ်ဝါဒနှင့် အမျိုးသားရေးဝါဒများကို ဆန်ကျင့်ကျင့် လှုပ်ရှားခဲ့သည်။

၎င်းတွင် မူလက ဂျာမနီ၊ အာဂျင်တီးနား၊ ချီလီ၊ ဒိန်းမတ်၊ နော်ဝေး၊ အီတလီ၊ နယ်သာလန်၊ ပေါ်တူဂီ၊ ဆွီဒင်နှင့် ပြင်သစ်နှင့် တို့မှ သမဂ္ဂများ ပါဝင်ခဲ့ပြီး စပိန်မှာ တစ်နှစ်အကြာတွင် ပူးပေါင်း ပါ၀င်င် ခဲ့သည်။

၁၉၂၀ ခုနှစ်များတွင် အလုပ်သမားရေးရာ ကဏ္ဍအများအပြားတွင် ပါဝင်တိုက်ပွဲ၀င် ခဲ့ကြသော်လည်း နိုင်ငံတော်အစိုးရအသီးသီး ၏ ဖိနှိပ်မှုများကို ခံခဲ့ရသည်။

၁၉၃၀ ခုနှစ်တွင် စပိန် ပြည်တွင်းစစ် ဖြစ်ပွားခဲ့ပြီး IWA ၏ စပိန်အစိတ်အပိုင်း ဖြစ်သော CNT သည် လူမှုတော်လှန်ရေးအတွက် ကျေးလက်‌‌‌‌ ဒေသများ မှ မြိုပြ‌ ဒေသစက်ရုံ၊ အလုပ် ရုံများအထိစုစည်း ချိတ်ဆက်နိုင်ခဲ့သော် လည်း၊ နောက်ပိုင်းတွင် ဖက်ဆစ်များ၏ရက်စက်ကြမ်းကြုတ်သောအကြမ်းဖက်မှုများကြောင့် ဖြိုခွင်းခံခဲ့ရသည်။

အခြားနိုင်ငံများရှိ IWA မှ အဖွဲ့၀င်အများအပြားသည်လဲ

စပိန် ပြည်တွင်း စစ်တွင် ၎င်းတို့နှင့်အတူ စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်ခဲ့ကြသည်။ ဖက်ဆစ်ဝါဒနှင့် အာဏာရှင်စနစ်များ ပျံ့နှံ့လာသည်နှင့်အမျှ IWA သည် နိုင်ငံအသီးသီးတွင်တွင် ကြီးမားကျယ်ပြန့်စွာ ဖိနှိပ်ခံခဲ့ရပြီး အဖွဲ့၀င်များလဲ သတ်ဖြတ်ချင်းခံခဲ့ရသလို အသင်းကိုလဲကိုလဲမတရားအသင်း အဖြစ်ဖြစ် ‌သတ်မှတ်‌ ‌ကြေညာခံခဲ့ရသည်။

စစ်ပြီးကာလ ၁၉၅၀ ခုနှစ်များတွင် IWA သည် ပြန်လည်ရှင်သန်လာခဲ့သည်။ ပြင်သစ်ရှိ CNT(Confederación Nacional del Trabajo) သည် နိုင်ငံတကာနှင့် ချိတ်ဆက်ချိတ်ဆက် ပြန်လည်ဖွဲ့စည်းရာတွင် တက်ကြွစွာ လုပ်ဆောင်ခဲ့သည်။ အဖွဲ့၀င် အသစ်များလဲ ပါ၀င်လာခဲ့ ပြီးအချို့အဖွဲ့ ၀င် ဟောင်း များကိုလဲကိုလဲ ၎င်းတို့ကိုယ်တိုင် ပြန်လည်တည်ထောင်အသက်သွင်းခဲ့သည်။

၁၉၆၀ နှင့် ၁၉၇၀ ပြည့်ပြည့် နှစ်များတွင် အာဂျင်တီးနားရှိ FORA (Federación Obrera Regional Argentina)သည် ပြန်လည်အသက်ဝင်လာသည်။ စပိန်တွင်လဲ စစ်အာဏာရှင် ဖရန့်ကို ကွယ်လွန် ပြီးနောက်ပိုင်းမှသာ စပိန်တွင်

CNTပြန်လည်ပေါ်ပေါက်လာခဲ့ ရသည်။

ထိုနောက်က် ဂျာမနီမှ FAU(Free Workers’ Union) နှင့် နော်ဝေးမှ NSF (Norsk Syndikalistisk Forbund)တို့ကို အဖွဲ့၀င် အဖြစ် အသိအမှတ် ပြု လက်ခံခဲ့သည်။ အီတလီတွင် ရပ်တည်ရန် ခက်ခဲ ခဲ့သော USI (Unione Sindacale Italiana) သည်လဲ တက်ကြွသောသမဂ္ဂအဖြစ် ပြောင်းလဲ နိုင်ခဲ့ပြီး ကျဆင်းလာခဲ့သည့် IWA ၏ ဗြိတိသျှအပိုင်းကိုလည်း တည့် မှတ်သွား နိုင်နိုင်ခဲ့သည်။ တဖြည်းချင်း အပြောင်းအလဲများမှတဆင့် ညီညွတ်သော အဖွဲ့ချုပ် ဖြစ်လာခဲ့သည်။ ပေါ်တူဂီနိုင်ငံမှ AIT-SP (AIT Portuguese Section) ကိုလဲ ၁၉၉၀ နောက်ပိုင်းကာလ များတွင် လက်ခံခဲ့ပြီး၊နောက်ပိုင်းတွင် ဘရာဇီးမှ COB ကိုလဲ အဖွဲ့ ၀င် အဖြစ် ပါဝင်လာခဲ့သည်။

ဘာလင်တံတိုင်း ပြိုလဲ ပြီးနောက် အရှေ့ ဥရောပနိုင်ငံများ တွင် မင်းမဲ့ဆင်ဒီကယ်အုပ်စု အသစ် များစွာထွက် ပေါ်လာခဲ့သည်။ရုရှားရှိ KRAS(Revolutionary Confederation of Anarcho-syndicalists, Russia) နှင့် ဆလိုဗားကီး ရှိ PA ( Direct Action, Slovakia) နှင့် Serbia ရှိ ASI (Anarcho-Syndicalist Initiative, Serbia)တို့သည် IWA တွင် ပါဝင်ခဲ့ပြီး ပိုလန်မှ ZSP(Union of Syndicalists of Poland)သည် နောက်ပိုင်းတွင် အဖွဲ့၀င် ဖြစ်လာသည်။

အာရှတိုက်ရှိ မဟာမိတ်မိတ်အဖွဲ့၀င်များသည်လဲ လက်ရှိတွင်

Australia Anarcho-Syndicalist Federation (ASF) နှင့် ပူးပေါင်း ချိတ်ဆက်ထား ရှိပါသည်။

မူဝါဒများ

———

IWA သည် ရပ်တည်ချက်အရ နိုင်ငံရေး နှင့် အမျိုးသားရေး နယ်နမိတ်များအားလုံးကိုငြင်းပယ်ထားသည်။ ထို့အပြင် လူသားမျိုးနွယ်၏ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းစေရန်အတွက် ထုတ်လုပ်မှုပုံစံကို အဆုံးစွန်ဆုံးအထိပြောင်းလဲမှုများ​ပြုလုပ်ရန်တောင်းဆိုထား​သည်။

အစောပိုင်းကာလများကတည်းကပင် IWA သည် စစ်ဝါဒဆန့်ကျင်ရေးအင်အားစုအဖြစ်ရပ်တည်ခဲ့ကြပြီး ပထမကမ္ဘာစစ်ကတည်းကပင် အလုပ်သမားလူတန်းစားသည် အုပ်ချုပ်သူလူတန်းစားများ အကြားအာဏာလုသော စစ်ပွဲများတွင် ၎င်းတို့အတွက် အသက်ပေးမတိုက်ခိုက်သင့်ပေဟူသော မင်းမဲ့ဝါဒသ​ဘောတရားများကို အလုပ်သမားများအကြား ထင်ဟပ်စေခဲ့သည်။ IWA ၏အခြေခံနိယာမများအကြားတွင် စစ်ဆန့်ကျင်ရေးဥပဒေသသည် ပဏာမမူအဖြစ်ပါဝင်နေပြီး ၁၉၂၆ ခုနှစ်တွင် လက်နက်ဖျက်သိမ်းရေးမူဝါဒအား မြှင့်တင်ရန်နှင့် စစ်ပွဲဆိုင်ရာသတင်းအချက်အလက်များစုဆောင်းရန်အတွက် အပြည်ပြည်ဆိုင်ရာစစ်ဆန့်ကျင်ရေးမဟာမိတ်ညွှန့်ပေါင်းအဖွဲ့ (International Anti-Militarist Coalition) အားဖွဲ့စည်းတည်ထောင်ခဲ့လေသည်။

စက်ရုံတွင်းလှုပ်ရှားမှုများအဖြစ် Direct Action များဖြစ်သော ဆန္ဒပြသပိတ်မှောက်ခြင်း(strikes)၊ ဆန့်ကျင်သပိတ်မှောက်ခြင်း (Boycotts) အပါအဝင်အစရှိသော လှုပ်ရှားမှုများဖြင့် စက်ရုံတစ်ရုံချင်းစီအသွင်နှင့်အပြင် စုပေါင်းသပိတ်အသွင်များဖြင့်ပါ အရင်းရှင်များနှင့် နိုင်ငံတော်၏ လုပ်အားခေါင်းပုံဖြတ်မှုများအပေါ် ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသည်။ IWA ၏တည်ထောင်မှုစာတမ်းများတွင်လည်း ကုန်သွယ်ရေးသမဂ္ဂဝါဒီများ(Syndicalists) များက « ပြည်သူလူထုများ၏ လယ်ယာမြေ၊ပိုင်ဆိုင်မှုများအပေါ် မတရားသိမ်းယူ၊ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းကြောင့်ဖြစ်ပေါ်လာသော သပိတ်တိုက်ပွဲများအကြား အုပ်စိုးသူလူတန်းစားအသုံးပြုလာသော ကြမ်းတမ်းယုတ်မာသောနည်းလမ်းများအပေါ် လူထုအနေနဲ့ ပြတ်သားစွာဆန့်ကျင်ခုခံသော နည်းလမ်းများသည် အကျိုးအကြောင်းဆီလျော်မှုရှိလေသည်  » ဟု အသိအမှတ်ပြုရေးသားခဲ့လေသည်။

ထို့အပြင် စုဖွဲ့ရာတွင်လည်း ပစ္စည်းမဲ့အာဏာရှင်ပုံစံကို ဆန့်ကျင့်၍ အစဥ်အလာ အထက်အောက်ပိရမစ်သဏ္ဍာန် ပုံစံထက် (Hierarchy) ထက် အများစု အခြေပြု ဒီမိုကရက်တစ်အသားပေး ဖွဲ့စည်းခြင်းအပေါ် အားပေးသည်။

=====

IWA ၏ နိုင်ငံရေးသဘောတရား

IWA သည် ဗဟိုဦးစီးချုပ်ကိုင်မှုမပါသည့် သမဂ္ဂဝါဒ သဏ္ဌာန် ကိုလက်ခံအားပေးသည်။ ၎င်းလမ်းစဉ်ဟူသည်မှာ အလုပ်သာမားထုအား စုစည်းကာ စီးပွါးရေးနှင့် နိုင်ငံရေး ချယ်လှယ်မှုတို့အားတွန်းလှန်ကာ အန္တိမ ပန်းတိုင်ဖြစ်သော “Libertarian Communism” ဆီသို့တက်လှမ်းနိုင်ရေးပဲဖြစ်တယ်။

ကွန်ယက်သည် ပစ္စုပန်ကာလရှိ အလုပ်ရုံ၌ဖြစ်ပေါ်နေသည့်ပြဿနာများဖြစ်သော လုပ်ခလစာ၊ လုပ်ငန်းခွင်တွင်းပြဿနာများ နှင့်အလုပ်သမားဥပဒေ ပြဿနာများအား ခုခံခြေပ ရန်ရည်ရွယ်သည်။ ဘုံအကျိုးစီးပွါးအတွက် ကုန်ထုတ်လုပ်မှု၊ ဖြန့်ဖြူးခြင်း နှင့် သုံးစွဲခြင်းတို့အား ပူးပေါင်းဆောင်ရွက်မှုအပေါ်အခြေခံပြီး သယံဇာတ နှင့် အရင်းတို့အား အီလစ်လူတစု ပိုင်ဆိုင်ထားသည်မဟုတ်ပဲ လူအများမှ ပိုင်ဆိုင်ကာ စီမံခန့်ခွဲသော စနစ်ဖြစ်သည့် “communal economy” ကျင့်သုံးသည့်လူ့ဘောင်တရပ်အဖြစ် ပြန်လည်တည်ဆောက်ခြင်းနှင့် လွတ်လပ်သည့်ကွန်ယက်စနစ်၊ တိုက်ရိုက် ဒီမိုကရေစီ စနစ်ကျင့်သုံးသော ကျေးလက်အဆင့်၊ ဒေသတွင်းအဆင့်၊ နိုင်ငံအဆင့် နှင့် ကမ္ဘာတဝှမ်း အဆင့် အလိုက် ကိုယ်ပိုင်စီမံခန့်ခွဲအုပ်ချုပ်သည့်ကောင်စီများအဖြစ် ပြန်လည်ဖွဲ့စည်းတည်ဆောက်ရန် လုပ်ဆောင်နေသည်လဲဖြစ်သည်။ ထိုသို့ အပြန်အလှန်ဖေးမကူညီခြင်း နှင့် ကြိုတင်အစီစဉ်ချထားမှုဖြင့် ပြန်လည်ဖွဲ့စည်းတည်ဆောက်မှုသည် ကိုယ်တိုင်ကိုယ်ကျစီမံခန့်ခွဲအုပ်ချုပ်သည့်လူ့အဖွဲ့စည်းတရပ်၏ အခြေခံအုပ်မြစ်လဲဖြစ်သလို “ဗဟိုချုပ်ကိုင်မှုကင်းမဲ့သည့် ကွန်မြူနစ်စနစ်” (ဝါ) “anarchist communism” တည်ဆောက်မှုလဲဖြစ်ပေသည်။

‘နေ့စဉ် စီးပွါးရေးအရသော်၎င်း လူမှုရေးအရသော်၎င်း တော်လှန်ရေးတိုက်ပွဲဝင်သွားရေး နှင့် မျက်မှောက်ခေတ်ကာလအခြေနေနှင့်အညီ အလုပ်သမားထု၏အတွေးခေါ်တိုးတက်လာစေရေးတို့လုပ်ဆောင်ရမည်။ လူထုအား ပညာမျှဝေပေးခြင်းသည် ကုန်ထုတ်လုပ်မှု နှင့် ကုန်စည်ဖြန့်ဖြူးမှု ဖြစ်စဉ်အား လူ့မှုဘဝ၏ဖက်ပေါင်းစုံ ကဏ္ဍပေါင်းစုံကိုသိမ်းပိုက်နိုင်ချိန်တွင် အမှီခိုကင်းကင်းစီမံခန့်ခွဲနိုင်စေမှာဖြစ်သည်။’ ထိုသည်မှာ IWA ကိုင်စွဲထားသော ရပ်တည်ချက်၊ မဏ္ဍိုင် နှင့်ပန်းတိုင်ပဲဖြစ်သည်။

IWA သည် ဗဟိုမှာချုပ်ကိုင်မှုစနစ်၊ နိုင်ငံရေးပါတီများ၊ ပါလီမန်စနစ် နှင့် နိုင်ငံတော်ဝါဒအပါဝင် ပစ္စည်းမဲ့အာဏာရှင်စနစ်အတွေးခေါ် တို့အား အတိအလင်းငြင်းပယ်သည်။ ပစ္စည်းမဲ့အာဏာရှင်စနစ်သည် စနစ်ပြောင်းရန်နည်းလမ်းဖြစ်သည်ဆိုသည်အား မင်းမဲ့ဝါဒီ များမှ ရုရှားတော်လှန်ရေး မတိုင်မှီနှင့်အလွန်ကာလများတွင်ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်ခဲ့ကြသည်။ မစ်ခေး ဘာခူနင် (Mikhail Bakunin) သည် “ တက်ကြွတယ့် တော်လှန်ရေးသမားတယောက်ကို အကြွင်းမဲ့ အာဏာကုန်အပ်ကြည့်လိုက်၊ တနှစ်အတွင်းမှာပဲ သူက ဇာဘုရင်ထက်တောင်ပိုဆိုးသွားဦးမယ်။” ဟုဆိုခဲ့ဖူးပေသည်။

တချို့သော မာ့က်စ်ဝါဒီများထံမှလာသော လူတန်းစားလွတ်မြောက်ရေးသည် စီးပွါးရေးပြဌာန်းခံခြင်းအယူဆမှ ကိုင်စွဲထားသော လူတန်းစားပဋိပက္ခဆိုသည်မှာ လူ့အဖွဲ့စည်း၏ စီးပွါးရေးအခြေနေမှနေ၍ တသွေမသိမ်းပေါ်ပေါက်လာလိမ့်မည်ဟု သဘာဝနိယာမအဖြစ်ကိုင်စွဲထားပြီး အလုပ်သမားများ၏ သိမှု နှင့် တော်လှန်သော လှုပ်ရှားမှု လုပ်ဆောင်ရွက်မှုတို့အား စီးပွါးရေးအခြေနေများကသာပြဌာန်းလိမ့်မည်ဟုသော အဆိုအားငြင်းပယ်သည်။

ပြောင်းလဲမှုသည် အလုပ်သမားထုထံမှသာလာပြီး ၎င်းတို့၏တိုက်ရိုက်လှုပ်ရှားမှု (direct action) ပေါ်သာမှီခိုသည်။

IWA ၏ မဏ္ဍိုင်ထဲမှာလဲ ဒီလိုဆိုထားသည်။

“တော်လှန်သော သမဂ္ဂဝါဒသည် တိုက်ရိုက်လှုပ်ရှားမှု (direct action) နှင့် အပြန်အလှန်ဖေးမကူညီမှု (mutual aid) နည်းနာများ ၊နှင့် မိမိတို့၏ပန်းတိုင်နှင့်မဆန့်ကျင်သည့် လှုပ်ရှားမှုများအားလုံး တို့ကို အခိုင်မာထောက်ခံအားပေးသည်။ တိုက်ရိုက်လှုပ်ရှားမှု၏ နည်းနာများမှာ သပိတ်မှောက်ခြင်းများ၊ boycottများ၊ ယန္တရားတစ်ခုမလည်ပတ်နိုင်အောင် ဖျက်စီးဆောင်ရွက်မှုများ အစရှိသည်တို့ဖြစ်သည်။ တိုက်ရိုက်လှုပ်ရှားမှု အားအကောင်းဆုံးသည် အထွေထွေသပိတ်တွင်ဖြစ်ပြီး တော်လှန်သော သမဂ္ဂဝါဒ၏ရှုဒေါင့်အရ စနစ်ပြောင်းတော်လှန်ရေးတရပ်၏နိဒါန်းဖြစ်သည်ဟု လက်ခံထားသည်။

စီးပွါးရေးစနစ် ပန်းတိုင်နှင့် တော်လှန်ရေး ဗဟိုပြုသည့် ရပ်တည်ချက်အခိုင်မာရှိသော အလုပ်သမားအဖွဲ့စည်းများသာလျင် လွတ်မြောက်မှုအားစွမ်းဆောင်နိုင်စွမ်း နှင့် libertarian communism စံနှုန်းများဖြင့် လူ့ဘောင်တရပ်အား ပြန်လည်တည်ဆောက်နိုင်စွမ်းရှိပေလိမ့်မည်။

1 commentaire sur IWA(International Worker Association) အပြည်ပြည်ဆိုင်ရာ အလုပ်သမားအစည်းအရုံး IWA(International Worker Association) အပြည်ပြည်ဆိုင်ရာ အလုပ်သမားအစည်းအရုံး

Laisser un commentaire