၁၉၃၆ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်ကြီး ဖရန်စစ္စကို ဖရန်ကို၏ လက်ယာယိမ်းစစ်တပ်၏ အာဏာသိမ်းမှုကို တုံ့ပြန်သောအားဖြင့် စပိန်နိုင်ငံတစ်ဝှမ်းရှိ အလုပ်သမားများသည် လက်နက်များကိုင်ဆောင်ကာ သမိုင်းတွင် အကျယ်ပြန့်ဆုံးသော လူမှုရေးတော်လှန်ရေးများထဲမှ တစ်ခုကို စတင်ခဲ့ကြသည်။ နောက်ဆက်တွဲစပိန်ပြည်တွင်းစစ်ကို ဖြစ်ပွားခဲ့ပြီး ဖရန်ကို ကို နာဇီဂျာမနီနှင့် ဖက်ဆစ်အီတလီအစိုး တို့က ကျောထောက်နောက်ခံ ပြုပေးခဲ့ကြသည်။ တော်လှန်ရေးနယ်မြေများတွင် မင်းမဲ့ဝါဒီများ၊ဆိုရှယ်လစ်များနှင့် တောင်သူလယ်သမား၊အလုပ်သမားများသည် လုပ်ငန်းခွင်များနှင့် မြေယာများကို သိမ်းယူကာ စုပေါင်းလုပ်ဆောင်လာကြသည်။ စပိန်အလုပ်သမားတွေကို ကူညီဖို့ ကမ္ဘာတဝှမ်းမှ အလုပ်သမား လူတန်းစား ထောင်ပေါင်းများစွာကလဲလာရောက်ကူညီပေးခဲ့ကြသည်။ ၎င်းတို့ထဲမှ တစ်ဦးက ဗြိတိန်မှ နာမည်ကျော် စာရေးဆရာကြီး George Orwell မှာလဲတစ်ဦးအပါအ၀င်ဖြစ်သည်။ သူက သူ့တွေကြုံခဲ့တဲ့ ဘာစီလိုနားမြို့မြင်ကွင်းကို – « အလုပ်သမားလူတန်းစားတွေ ထိန်းချုပ်မောင်းနှင်တဲ့မြို့ကို […]