၁၉၃၆ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်ကြီး ဖရန်စစ္စကို ဖရန်ကို၏ လက်ယာယိမ်းစစ်တပ်၏ အာဏာသိမ်းမှုကို တုံ့ပြန်သောအားဖြင့် စပိန်နိုင်ငံတစ်ဝှမ်းရှိ အလုပ်သမားများသည် လက်နက်များကိုင်ဆောင်ကာ သမိုင်းတွင် အကျယ်ပြန့်ဆုံးသော လူမှုရေးတော်လှန်ရေးများထဲမှ တစ်ခုကို စတင်ခဲ့ကြသည်။
နောက်ဆက်တွဲစပိန်ပြည်တွင်းစစ်ကို ဖြစ်ပွားခဲ့ပြီး ဖရန်ကို ကို နာဇီဂျာမနီနှင့် ဖက်ဆစ်အီတလီအစိုး
တို့က ကျောထောက်နောက်ခံ ပြုပေးခဲ့ကြသည်။
တော်လှန်ရေးနယ်မြေများတွင် မင်းမဲ့ဝါဒီများ၊ဆိုရှယ်လစ်များနှင့် တောင်သူလယ်သမား၊အလုပ်သမားများသည် လုပ်ငန်းခွင်များနှင့် မြေယာများကို သိမ်းယူကာ စုပေါင်းလုပ်ဆောင်လာကြသည်။
စပိန်အလုပ်သမားတွေကို ကူညီဖို့ ကမ္ဘာတဝှမ်းမှ အလုပ်သမား လူတန်းစား ထောင်ပေါင်းများစွာကလဲလာရောက်ကူညီပေးခဲ့ကြသည်။
၎င်းတို့ထဲမှ တစ်ဦးက ဗြိတိန်မှ နာမည်ကျော်
စာရေးဆရာကြီး George Orwell မှာလဲတစ်ဦးအပါအ၀င်ဖြစ်သည်။
သူက သူ့တွေကြုံခဲ့တဲ့ ဘာစီလိုနားမြို့မြင်ကွင်းကို – « အလုပ်သမားလူတန်းစားတွေ ထိန်းချုပ်မောင်းနှင်တဲ့မြို့ကို ကျွန်တော် ပထမဆုံးအကြိမ် ရောက်ဖူးတာပါ။ အဆောက်အအုံတိုင်းကို အလုပ်သမားတွေက သိမ်းယူပြီး အနီရောင်အလံ ဒါမှမဟုတ် မင်းမဲ့ဝါဒီတွေရဲ့ အနီနဲ့ အနက်ရောင်အလံတွေကို လွင့်ထူးထားတယ်၊ နံရံတိုင်းက ဆိုင်တိုင်းမှာ တူတံစဉ်အလံတွေနဲ့ အလှဆင်ထားတယ်။
စားပွဲထိုးတွေ ဈေးသည် တွေကအစ လူတန်းစားအစုံ
က လူတိုင်းကို တန်းတူရည်တူ ရည်ရည်မွန်မွန်
ဆက်ဆံတယ်။
ကိန်းကြီးခန်းကြီး နဲ့ အခမ်းအနားအပြောအဆိုပုံစံတွေတောင် ခေတ္တပျောက်ကွယ်သွားခဲ့တယ်။
ဘယ်သူမှ ‘Señor’ ဒါမှမဟုတ် ‘Don’ ဒါမှမဟုတ် ‘Usted’ လို့တောင် မပြောဘူး။ »
ဗြိတိန်နှင့် ပြင်သစ်တို့ အပါအဝင် အနောက်ဒီမိုကရေစီနိုင်ငံတွေကတော့ ဖက်ဆစ်ဆန့်ကျင်ရေးသမားတွေစီကို အကူအညီနှင့် လက်နက်များ စီးဆင်းမှုကို ရပ်တန့်စေသည့်ရန်အတွက် စပိန်ရီပါဘလစ်အစိုးရကိုတောင် စတေးပြီး အရေးယူ ပိတ်ဆို့တားဆီးမှုများ ပြုလုပ်ခဲ့ပေမဲ့၊ အမေရိကန်ရေနံကုမ္ပဏီကြီး Texaco က အမျိုးသားရေးဝါဒီများ ဖရန်စ္စကိုစစ်တပ်ကို အလကားနီးပါး ရေနံနှင့် အခြားထောက်ပံ့ရေးပစ္စည်း ရိက္ခာများကို များကို ပေးဆောင်ခဲ့သည်။
သုံးနှစ်နီးပါး ခါးသီးပြီး သွေးထွက်သံယို စစ်ပွဲအပြီးတွင် သာလွန်ကောင်းမွန်သော လက်နက်အင်အားအသာဖြင့် ဖရန့်စ္စကို အမျိုးသားရေးဝါဒီများက စပိန်ပြည်တွင်စစ်ကို အောင်ပွဲခံခဲ့ကြသည်။